ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဇူလိုင်လ (၂၄)ရက် ကရင်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာသော ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းအား (၂၄.၇.၂၀၂၀)ရက်နေ့၊နံနက်(၀၈၀၀)နာရီအချိန် တိုင်ကြားစာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့၀င်များသည် အချင်းဖြစ်ပွားရာနေရာဖြစ်သော ဘားအံမြို့နယ်၊ ရွှေတောကျေးရွာအုပ်စု၊ ကော့ပရံကျေးရွာရှိ အချင်းဖြစ်မြေနေရာအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ (24-July-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

(၂၀၁၉-၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဇူလိုင်လ (၂၄)ရက် (၂၀၁၉-၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်‌တော် ဒုတိယဥက္ကဋ္ဌ‌ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊စည်ပင်သာယာရေး၀န်ကြီးဌာနနှင့် တာ၀န်ရှိသူများတို့သည် (၂၃.၇.၂၀၂၀)ရက်နေ့တွင် ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန်ပတ်လမ်းနှင့် Box Culvertများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆက်လက်၍ ဘုရားသုံးဆူမြို့၊ ကိုဒူကွဲကျေးရွာ၊ ကြာအင်းကျေးရွာ (၂၅၀ )များပေ အုတ်စီရေမြောင်းများကို (၂၄-၇-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (24-July-2020) Friday Five Days