ကော့ကရိတ်၊ ဇူလိုင်လ (၂၆)ရက် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် (၂၆.၇.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်ရှိ အမှတ်(၁)၊ အမှတ် (၂)၊ အမှတ်(၃)၊ အမှတ် (၄)၊ အမှတ်(၅)၊ အမှတ်(၆)နှင့် အမှတ်(၇)တို့အား (Covid-19)ကာလ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါသည်။ (26-July-2020) Sunday
Day: July 26, 2020
ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် ပိုင်ကျုံမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် အခြေခံပညာကျောင်းများသို့ (Mask)များ သွားရောက်လှူဒါန်းခဲ့ခြင်း။
ဘားအံ၊ ဇူလိုင်လ (၂၆)ရက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ပြည်နယ်ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီးဦးခွန်မျိုးတင့်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ပိုင်ကျုံမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် အခြေခံပညာကျောင်းများသို့ (Mask) များလှူဒါန်းခဲ့ခြင်း၊ ယင်းနောက် ပိုင်ကျုံတံတားတည်ဆောက်နေမှု အခြေအနေများ၊ အသစ်တည်ဆောက်မည့် ပိုင်ကျုံတံတား မြေနေရာတို့အား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ (26-July-2020) Sunday


