ဘားအံ၊ ဇူလိုင်လ (၃၀)ရက်
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် အဖွင့်အမှာစကားပြောကြားပြီး၊ အစည်းအဝေးမှ တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များနှင့် တာဝန်ရှိသူများတို့မှ အစည်း အဝေး တက်ရောက်ခဲ့ကြပါသည်။
(30-July-2020)
Thursday




