ဘားအံ၊ ဩဂုတ်လ (၂)ရက်
၁၃၈၂ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၁၄)ရက်၊၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂)ရက်၊ တနင်္ဂနွေ နေ့၊ နံနက် (၀၉၃၀)အချိန်တွင် ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပသော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ်(၁၄)သင်တန်းဖွင့်ပွဲကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးခွန်မျိုးတင့်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးမင်းတင်၀င်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့မှ အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။
(2-August-2020)
Sunday




