ဘားအံ၊ ဩဂုတ်လ (၁၁)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအား (၁၁.၈. ၂၀၂၀)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (11-August-2020) Tuesday
Day: August 11, 2020
(၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေ၊ ပြည်နယ် ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ဖြစ်သော လုပ်ငန်းများကို လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း။
ဘားအံ၊ ဩဂုတ်လ (၁၁)ရက် (၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ (၁၃)မိုင် စီမံကိန်းလုပ်ငန်းများ ဌာနဆိုင်ရာများနှင့်တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၁.၈.၂၀၂၀)ရက်နေ့၊ နံနက် (၀၈၀၀)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ (11-August-2020) Tuesday


