ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်‌တော် ဒုတိယဥက္ကဋ္ဌ‌ဒေါ်နန်းသူဇာ၀င်းသည် သံတောင်မြို့နယ်၊ ဘောဂလိမြို့အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၁၂)ရက် (၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်မြို့နယ်ဘောဂလိမြို့အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ‌ဒေါ်နန်းသူဇာဝင်း၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များ၊ ဘောဂလိမြို့စည်ပင်သာယာရေးအဖွဲ့တို့သည် သပြေညွှန့်စံပြကျေးရွာ ကျေးလက်လမ်းဦးစီးဌာနမှဦးဆောင်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့ပါသည်။ (12-August-2020) Wednesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များတို့သည် သံတောင်မြို့နယ်၊ ဘောဂလိမြို့အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ဖြစ်သော လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၁၂)ရက် (၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်မြို့နယ်ဘောဂလိမြို့အတွင်း ဌာနဆိုင်ရာများနှင့်တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များတို့သည် ဘောဂလိမြို့၊စည်ပင် သာယာရေးအဖွဲ့နှင့် ကျေးလက်လမ်းဦးစီးဌာနမှဦးဆောင်သော သပြေညွှန့်စံပြကျေးရွာ၊ မြေသား(၂) မိုင်လမ်းနှင့် ပသိချောင်းခန်းမ ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ (12-August-2020) Wednesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၁၂)ရက် ကရင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၂.၈.၂၀၂၀)ရက်နေ့ ၁၀၀၀ နာရီတွင် လွှတ်တော်ရုံး၌ Minor Meeting Room ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော် မတီဥက္ကဋ္ဌ ဦးစောလှမြင့်နှင့်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များတို့မှ တက်ရောက်ခဲ့ကြပါသည်။ (12-August-2020) Wednesday

ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အမိန့်ကြော်ငြာစာများ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကရင်ပြည်နယ်လွှတ်တော်ရုံး ကြေညာချက်အမှတ် ( ၄ / ၂၀၂၀) ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်) ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်ဝေး ကျင်းပရန်ခေါ်ယူခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၇၄၊၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀၊ ၂၀၁၃ခုနှစ်၊ ကရင်ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ကရင်ပြည်နယ်လွှတ်တော်ရုံး၌ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၅ ရက် (၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်)၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။ ဆက်လက်ဖတ်ရှု့ရန်

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ဩဂုတ်လ (၁‌၂)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၁‌၂.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (12-August-2020) Wednesday