ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းသည် ကော့ကရိတ်မြို့နယ်အတွင်းရှိ ထီဖိုးစံကျေးရွာအုပ်စုနှင့် ရပ်ကွက်/ ကျေးရွာ စုစုပေါင်း (၁၄)ရွာ အခြေခံလူတန်းစားများအား (Covid-19) ကာလ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း။

ကော့ကရိတ်၊ ဩဂုတ်လ (၁၈)ရက် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် (၁၈.၈.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ထီဖိုးစံကျေးရွာ အုပ်စုနှင့် ရပ်ကွက်/ ကျေးရွာ စုစုပေါင်း(၁၄)ရွာ အခြေခံလူတန်းစားများအား (Covid-19) ကာလ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခဲ့ပါသည်။ (18-August-2020) Tuesday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ဒုတိယအကြိမ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံ ပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီ ၀င်များတို့သည် လိပ်သိုမြို့နယ်၊ ကျေးလက်လမ်းဦးစီးမှဦးဆောင်သော သောက်ရေခပ်တံတားပြီးစီးမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဩဂုတ်လ (၁၈)ရက် (၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် သံတောင်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များတို့မှ လိပ်သိုမြို့နယ်၊ ကျေးလက်လမ်းဦးစီးမှဦးဆောင်သော သောက်ရေခပ်တံတားပြီးစီးမှု လုပ်ငန်းများကို (၁၆.၈.၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (18-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၁၈)ရက် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် အဖွင့်အမှာစကားပြောကြားပြီး၊ အစည်းအဝေးမှ တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များနှင့် တာဝန်ရှိသူများတို့မှ အစည်း အဝေး တက်ရောက်ခဲ့ကြပါသည်။ (18-August-2020) Thursday