ဘားအံ၊ ဩဂုတ်လ (၁၉)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် ယနေ့(၁၉.၈.၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကစိုကျေးရွာ၊ နောင်ခလုံးကျေးရွာနှင့် ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာများသို့ သွားရောက်ပြီး နိုင်ငံတော်မှ ထောက် ပံ့သည့် အခြေခံလူတန်းစားများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ကစိုကျေးရွာအတွက် အခြေခံလူတန်းစား(၆၇)ဦးနှင့် မသန်စွမ်းသူ(၂၄)ဦး၊ နောင်ခလိန်းကျေးရွာတွင် အခြေခံလူတန်းစား(၂၂)ဦးနှင့် မသန်စွမ်းသူ(၅)ဦး၊ မိုးနိုင်းကျေးရွာတွင် အခြေခံလူတန်းစား(၆၁)ဦးနှင့် မသန်စွမ်းသူ(၄)ဦး တို့အား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပါသည်။ထောက်ပံ့ငွေများကို အခြေခံလူတန်းစားအတွက်တစ်ဦးလျှင်(၂၀၀၀၀)ကျပ်၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်စီ ပေးအပ်ခဲ့ပါသည်။ (19-August-2020) Wednesday
Day: August 19, 2020
ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။
ဘားအံ၊ဩဂုတ်လ (၁၉)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၁၉.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (19-August-2020 Wednesday


