ဘားအံ၊ ဩဂုတ်လ (၂၆)ရက်
ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးတို့သည် (၂၆.၈.၂၀၂၀)ရက်နေ့၊ နံနက်(၀၆၃၀)အချိန်တွင် အမှတ်(၁)ရပ်ကွက်၊ မိုးလုံလေလုံ အားကစားရုံတွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၇၇)စုအတွက် မနက်စာအာဟာရအဖြစ် ဆန်ပြုတတ်များ သွားရောက်ကျွေးမွေးကာ ရေဘေးကြောင့် စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေးအခက်အခဲဖြစ်နေသော ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ပါသည်။
(26-August-2020)
Wednesday




