ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။

ဘားအံ၊ဩဂုတ်လ (၂၇)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၇.၈.၂၀၂၀)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (27-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ ၀င်းသည် ကော့ကရိတ်မြို့ပေါ်တွင် နေအိမ်ပြင်ပသို့ (mask) မတပ်ဘဲ သွားလာနေသူများအား (ကိုဗစ် – ၁၉) ရောဂါကာကွယ်ရေးအတွက် ပညာပေးအဖြစ် mask တပ်သွားလာကြရန် ဌာနဆိုင်ရာများနှင့် ပူပေါင်းဆောင်ရွက်ခြင်း။

ကော့ကရိတ်၊ ဩဂုတ်လ (၂၇)ရက် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာ၀င်းသည် ကော့ကရိတ်မြို့ပေါ်တွင် နေအိမ်ပြင်ပသို့ (mask) မတပ်ဘဲ သွားလာနေသူများအား(ကိုဗစ်-၁၉) ရောဂါကာကွယ်ရေးအတွက် ပညာပေးအဖြစ် mask တပ်သွားလာကြပါရန် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ (27-August-2020) Thursday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်သည် အမှတ်(၂)ရပ်ကွက်၊ ‌ရွှေယဉ်မျှော်စခန်းတွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၅၃၈)စုအတွက် မနက်စာအဖြစ် ကြာဇံဟင်းခါးများ သွားရောက်‌ ကျွေး မွေး။

ဘားအံ၊ ဩဂုတ်လ (၂၇)ရက် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးတို့သည် (၂၇.၈.၂၀၂၀)ရက်နေ့၊ နံနက်(၀၆၃၀)အချိန်တွင် အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော်စခန်းတွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၅၃၈)စုအတွက် မနက်စာအဖြစ် ကြာဇံဟင်းခါးများ သွား ရောက်ကျွေးမွေးကာ ရေဘေးကြောင့် စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေးအခက်အခဲဖြစ်နေသော ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ပါသည်။ (27-August-2020) Thursday