ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အစည်းအဝေး အဆို/မေးခွန်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း

မေးမြန်းသူ     –       ဦးတင်မျိုးဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)

မေးခွန်း         –       ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ တံခွန်တိုင်ကွက်သစ်ကျေးရွာတွင် နှစ်စဉ်လိုလို နွေရာသီ၌ သောက်သုံးရေ ရှားပါးမှုအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပါသဖြင့် စက်ရေတွင်းနှင့် ဆက်စပ် အဆောက်အဦး၊ ပစ္စည်းများဖြင့် စက်ရေတွင်းတစ်တွင်း တူးဖော်ဆောင်ရွက် ပေးနိုင်ခြင်း ရှိ / မရှိ။ ရှိပါကမည်သည့်ဘဏ္ဍာနှစ်တွင် မည်သို့ဆောင်ရွက်ပေး သွားမည်ကို သိရှိလိုပါကြောင်း။

ဖြေကြားသူ    –       ဦးစောမြင့်ဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး     

အဖြေ            –       အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု အတွင်းရှိ တံခွန်တိုင်ကွက်သစ်ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် လိုအပ်သောစက်ရေတွင်း၊ ဆက်စပ်ပစ္စည်းနှင့် အဆောက်အဦအတွက် ခန့်မှန်း ကုန်ကျငွေကျပ်(၁၅.၂)သန်းကုန်ကျမည်ဟု ခန့်မှန်းထားပါသည်။ အဆိုပါ ကုန်ကျငွေအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမွန်းမံရန်ပုံငွေတွင် လျာထားတင်ပြပေးသွားမည်ဖြစ်ပါ သည်။ ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား အပ်ပါသည်။