ဘားအံ၊ ဇူလိုင်လ (၂၀)ရက်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဌာနဆိုင်ရာများ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၀.၇.၂၀၂၀) ရက်နေ့၊ နံနက် (၀၇၃၀) နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးပြီးနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်း၊ ဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများတို့သည် ကြာအင်းဆိပ်ကြီးမြို့နယ်၊တောင်ကလေး ဖိုးချင်းမူ ထီးဝါးမူ ကျေးရွာများရှိ ကျေးရွာချင်းဆက်လမ်းများ၊ ကွန်ကရစ်တံတားများ၊ ကုန်ထုတ်လမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ပညာရေးဌာနတို့၏ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
(20-July-2020)
Monday




