အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဒေါက်တာတင်ဝင်းကျော်(ကွယ်လွန်)

ကိုယ်ရေးမှတ်တမ်း ၁။ အမည် – ဒေါက်တာတင်ဝင်းကျော်(ကွယ်လွန်) ၂။ အခြားအမည် – ဦးချို ၃။ လူမျိုး/ဘာသာ – ဗမာ / ဗုဒ္ဓဘာသာ ၄။ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် – ၃/လဘန(နိုင်)၀၀၉၁၈၂ ၅။ မွေးသက္ကရာဇ်/အသက် – ၂၅ . ၅ . ၁၉၆၁  (၅၅)နှစ် ၆။ မွေးဖွားရာဇာတိ – ရွှေဂွန်းကျေးရွာ၊ လှိုင်းဘွဲမြို့ ၇။ ပညာအရည်အချင်း – အမ်ဘီဘီအက်(စ်) ၈။ လက်ရှိအလုပ်အကိုင် – ကိုယ်ပိုင်ဆေးခန်း ၉။ အဘအမည်၊ အလုပ်အကိုင် – ဦးကျော်အေး(ကွယ်လွန်) ၁၀။ အမိအမည်၊ အလုပ်အကိုင် – ဒေါ်သိန်းတင်၊ မှီခို ၁၁။ ဇနီး/ခင်ပွန်းအမည်၊ ဆက်လက်ဖတ်ရှု့ရန်

ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အဆို/မေးခွန်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့ ကြယ်ပွင့်ပြမေးခွန်းများ ( ၂-၉-၂၀၂၀ )

မေးမြန်းသူ     –         ဦးတင်မျိုးဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မေးခွန်း         – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အသီးသီးအတွင်းရှိ အချို့ရပ်ကွက်၊ ကျေးရွာတို့တွင်မရှိဆင်းရဲသား ပြည်သူလူထုများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများစီးပွားရေး အခြေအနေကြောင့် ရေကြည်ရာမြက်နုရာပြောင်းရွှေ့နေထိုင်လာသူများအား စိစစ်ပြီး အိမ်ထောင်စု ဇယားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ / မရှိ။ ရှိပါက မည်သို့ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း။ ဖြေကြားသူ    –     ဦးမင်းကိုခိုင်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အဖြေ             –        ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စု အတွင်းရှိ အချို့ရပ်ကွက်၊ ကျေးရွာတို့တွင် နေထိုင်သော ပြည်သူများ၊ တိုင်းရင်းသား ညီအကိုမောင်နှမများစီးပွားရေးအခြေအနေကြောင့် ရေကြည်ရာမြက်နုရာ ပြောင်း ရွှေ့နေထိုင်လာကြသူများအား စိစစ်ပြီး အိမ်ထောင်စုဇယားများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခြင်းနှင့်စပ်လျဉ်း၍ ဆက်လက်ဖတ်ရှု့ရန်

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏အာမခံ ချက်များ၊ကတိများ၊တာဝန်ခံချက်များနှင့်တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးကျင်းပ

လွှတ်တော်ရုံး Minor Meeting Room၌ကျင်းပပြုလုပ်သည့် ကရင်ပြည်​နယ်​အစိုးရအဖွဲ့၏အာမခံ ချက်​များ၊ကတိများ၊တာဝန်​ခံချက်​များနှင်​့တိုင်​ကြားစာ၊အသနားခံစာဆိုင်​ရာ စိစစ်​​ရေး​ကော်​မတီ၏ ဒုတိယ အကြိမ်​ ကရင်​ပြည်​နယ်​လွှတ်​​တော်​ဒသမပုံမှန်​အစည်​းအ​ဝေးတွင်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များ​မေးမြန်​းခဲ့သည်​့ ကြယ်​ပွင်​့ပြ/ မပြ ​မေးခွန်​းများအနက်​ ကတိဖြစ်​​မေးခွန်​းများ ​ရွေးချယ်​သတ်​မှတ်​​ပေးနိုင်​​ရေးအတွက်ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​များဖြစ်​ကြ သည်​့ ဦး​စောထူးက​ပေါ်၊ ဦးတင်​မျိုးဦး၊ ဦး​စောဝင်​းထိန်​၊ ဦးအိုက်​ကျန်​ခမ်​း၊ ဦးသန့်ဇင်​​အောင်​၊ ကတိကဝတ်​​ကော်​မတီဥက္ကဌ ဦး​စောလှမြင်​့၊ကရင်​ပြည်နယ်လွှတ်​တော်​ရုံး ဒုတိယညွှန်​ကြား​ရေးမှူး ဒေါ်နန်းစိုးစိုးသန်းနှင့် ရုံးအဖွဲ့တို့က ညှိနှိ်ုင်းအစည်းအဝေးသို့ တက်​​ရောက်​ခဲ့ပါသည်​။

ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက် သည့်အခါ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့်အရာများကို တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးနေပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံစဉ်တွင် အကောင်အထည်မဖော်ရသေးသည့် ကိစ္စရပ် များရှိပါကလည်း တင်ပြနိုင်ပါကြောင်း၊ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ယခုကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လာရောက်တွေ့ဆုံရာတွင် မိမိတို့ကျေးရွာများမှ ပြည်သူများက သိရှိလိုသည့် အကြောင်းအရာများကို အုပ်ချုပ်ရေးမှူးများက မေးမြန်းတင်ပြကြစေလိုကြောင်း၊ မိမိရပ်ရွာသို့ ပြန်ရောက်သည့်အခါတွင်လည်း ယခုတွေ့ဆုံပွဲမှ သိရှိခဲ့သည့်အကြောင်းအရာများကို ကျေးရွာလူထုများ ထံသို့ ပြန်လည်ဖြန့်ဝေပေးစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ဆက်လက်ဖတ်ရှု့ရန်