ကြယ်ပွင့်ပြမေးခွန်းများ ပုံမှန်အစည်းအဝေး ပုံမှန်အစည်းအဝေး အဆို/မေးခွန်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့ ကြယ်ပွင့်ပြမေးခွန်းများ ( ၂-၉-၂၀၂၀ )

မေးမြန်းသူ     –         ဦးတင်မျိုးဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)

မေးခွန်း         –

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အသီးသီးအတွင်းရှိ အချို့ရပ်ကွက်၊ ကျေးရွာတို့တွင်မရှိဆင်းရဲသား ပြည်သူလူထုများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများစီးပွားရေး အခြေအနေကြောင့် ရေကြည်ရာမြက်နုရာပြောင်းရွှေ့နေထိုင်လာသူများအား စိစစ်ပြီး အိမ်ထောင်စု ဇယားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ / မရှိ။ ရှိပါက မည်သို့ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း။

ဖြေကြားသူ    –     ဦးမင်းကိုခိုင်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး

အဖြေ             –       

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စု အတွင်းရှိ အချို့ရပ်ကွက်၊ ကျေးရွာတို့တွင် နေထိုင်သော ပြည်သူများ၊ တိုင်းရင်းသား ညီအကိုမောင်နှမများစီးပွားရေးအခြေအနေကြောင့် ရေကြည်ရာမြက်နုရာ ပြောင်း ရွှေ့နေထိုင်လာကြသူများအား စိစစ်ပြီး အိမ်ထောင်စုဇယားများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခြင်းနှင့်စပ်လျဉ်း၍ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းသို့ ရွှေ့ပြောင်းနေထိုင်လာကြသူများအား ယာယီရွှေ့ပြောင်းနေထိုင်လာသူ နှင့် သာမန်ရွှေ့ပြောင်းနေထိုင်လာသူဟူ၍ စိစစ်ပြီး ညွှန်ကြားချက်နှင့်ညီညွှတ်ပါက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အစဉ်တစိုက်နေထိုင်ခဲ့သူများဖြစ်ပါက (၅) ဦး ကော်မတီထုတ်ပြန်ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆက်စပ်မေးခွန်း          –      

             ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အိမ်ထောင်စု (၃၀၀) (၄၀၀)ဝန်းကျင်မှာ   လွန်စွာအခက်အခဲများဖြင့် ကြုံတွေ့နေရပါသည်။ ကြာအင်းဆပ်ကြီးလူငယ်အဖွဲ့များမှ   ကူညီဆောင်ရွက်ပေးဖို့တိုက်တွန်းကြပြီး ဝန်ကြီးနှင့်တွေ့ဆုံပြောဆိုရာတွင် အထက်ပါအတိုင်းဖြေကြားခဲ့ရာ ယခုကြုံတွေ့နေရသော အခက်အခဲအား မည်သို့ဖြေရှင်းပေးနိုင်မည်ကို ဥက္ကဌကြီးမှတဆင့် ဆက်စပ်မေးခွန်းဖြင့် မေးမြန်း အပ်ပါသည်။

အဖြေ        –         

ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့်(၃၁-၃-၂၀၁၆)ရက်နေ့မှ (၃၁-၇-၂၀၂၀) ရက် နေ့ထိ ပုံစံ(၁၀)ဖြင့် ပြောင်းရွှေ့လာသူများ၊ ရေကြည်ရာမြက်နုရာပြောင်းရွေ့ နေထိုင်လာကြသူများအား သစ္စာစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်း ထုတ်ပေးလျက်ရှိရာ တရားဝင်အိမ်ထောင်စု (၄၇၀)စု၊ ယာယီအိမ်ထောင်စု (၅၈)စု ၊ စုစုပေါင်းအိမ်ထောင်စု(၅၂၈)စုထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ကြာအင်း ဆိပ်ကြီးမြို့နယ်အတွင်းရှိ လက်ရှိအစိုးရကာလအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အထောက် အထားလက်မှတ်အမျိုးမျိုး ထုတ်ပေးပြီးစီးမှုမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၄၉၆၉) ကတ်နှင့် နိုင်ငံသားပြုခွင့်စိစစ်ရေး ကတ်ပြား (၁)ကတ်၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား (NV Card) (၃၈၇)ကတ်နှင့် စုစုပေါင်း(၄၅၃၅၇)ကတ် ထုတ်ပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။   ကျန်ရှိသူများအားလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်နှင့်အတူ မြို့နယ်လဝကရုံးသို့ လာရောက်တင်ပြ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *