ကော့ကရိတ်၊ ဇွန်လ (၂၆)ရက်
၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်ပြည်ထောင်စုရန်ပုံငွေ၊ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ်၊ ကော့ကရိ တ်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် တင်ဒါအောင်ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်းဘဏ္ဍာငွေအရသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဌဦးသန့်ဇင်အောင်နှင့်ကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ (QC)အဖွဲ့များမှကွင်းဆင်းစစ်ဆေးရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော့ကရိတ်မြို့နယ်၊အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၆.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
(26-June-2020)
Friday
Second Day



