ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာ ၀င်းသည် ကော့ကရိတ်မြို့နယ်၊အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား (Covid-19) ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများ ပေးအပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၁)ရက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (Covid-19) ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာ၀င်းနှင့် တာဝန်ရှိသူများတို့က(၂၁-၈-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအချိန်၌ သွား‌ရောက်၍ ထောက်ပံ့‌ ငွေများ ပေးအပ်ခဲ့ပါသည်။ (21-August-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီ၏ ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၁)ရက် ကရင်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာသော ပြည်သူတို့၏တိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းအား (၂၁.၈.၂၀၂၀)ရက်နေ့၊နံနက်(၀၇၀၀)နာရီအချိန် တိုင်ကြားစာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့၀င်များသည် အချင်းဖြစ်ပွားရာနေရာဖြစ်သော မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်‌ကျေးရွာအုပ်စုရှိ အချင်းဖြစ်မြေနေရာအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ (21-August-2020) Friday

ဓါတ်ပုံနှင့် ဗီဒီယိုများ သတင်းပြန်ကြားရေးကဏ္ဍ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ ကော်မတီများ၏ လှုပ်ရှုားမှုများ

ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ အစည်းအဝေး ပြုလုပ်ခြင်း။

ဘားအံ၊ ဩဂုတ်လ (၂၁)ရက် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room ၌ ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်မှ တင်ပြဆွေးနွေးပြီး၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ အစည်းအဝေးကို တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်‌အောင်၊ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြုံပြု‌ရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ တာဝန်ရှိသူများတို့မှ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ (20-August-2020) Thursday