ဘားအံ၊ ဩဂုတ်လ (၂၄)ရက်
၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၄)ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်လွှတ်တော် ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ တင်ပြဆွေးနွေးပြီးနောက် အစည်းအဝေးမှ တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များနှင့် တာဝန်ရှိသူများတို့မှ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။
(24-August-2020)
Monday




