ဘားအံ၊ ဩဂုတ်လ (၂၄)ရက် (၂၀၁၉ – ၂၀၂၀)ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေများဖြင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ဌာနဆိုင်ရာများနှင့် တင်ဒါအောင် ကုမ္ပဏီများမှ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲဖြစ်သော လုပ်ငန်းများကို ဒုတိယအကြိမ်ကရင်ပြည်နယ် လွှတ်တော် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့၀င်းများသည် လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာ၊ ကုန်ထုတ်လမ်းနှင့် တံတား/ရေပြွန် လုပ်ငန်းများ ၀င်းစိန်-ကွမ်ဖျားလမ်း ကျောက်ချောခင်းလုပ်ငန်းများနှင့် ကွမ်ဘီ-စည်းစိမ်ကုန်လမ်း ကတ္တရာခင်းပြီးစီးမှု လုပ်ငန်းများကို (၂၄.၈.၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည် (24-August-2020) Monday
Day: August 24, 2020
၂၀၂၀ – ၂၀၂၁ခု၊ ကရင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနှင့် စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခြင်း။
ဘားအံ၊ ဩဂုတ်လ (၂၄)ရက် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၄)ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ရုံး၊ Minor Meeting Room၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်လွှတ်တော် ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ တင်ပြဆွေးနွေးပြီးနောက် အစည်းအဝေးမှ တက်ရောက်လာသူများ အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များနှင့် တာဝန်ရှိသူများတို့မှ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ (24-August-2020) Monday
ကရင်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးပြုလုပ်ခြင်း။
ဘားအံ၊ဩဂုတ်လ (၂၄)ရက် ကရင်ပြည်နယ်လွှတ်တော်ကို တင်ပြတိုင်ကြားလာသော ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေးအား(၂၄.၈.၂၀၂၀)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်ကြားစာကော်မတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့၀င်များသည် လွှတ်တော်ရေးရာကော်မတီခန်းမ၌ ပြည်သူတို့၏ တိုင်ကြားစာများနှင့် ပတ်သက်၍ ကြားနာခြင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ (24-August-2020) Monday



