မေးမြန်းသူ – ဦးတင်မျိုးဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
မေးခွန်း – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆိပ်ကလေးကျေးရွာ အုပ်စုအတွင်းရှိ ဆိပ်ကလေးကျေးရွာတွင် နှစ်စဉ်လိုလိုနွေရာသီ၌ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပါသဖြင့် စက်ရေတွင်းနှင့် ဆက်စပ် အဆောက်အဦး၊ ပစ္စည်းများဖြင့် စက်ရေတွင်းတစ်တွင်း တူးဖော်ဆောင်ရွက် ပေးနိုင်ခြင်း ရှိ / မရှိ။ ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် မည်သို့ဆောင်ရွက် ပေးသွားမည်ကို သိရှိလိုပါကြောင်း။
ဖြေကြားသူ – ဦးစောမြင့်ဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
အဖြေ – အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ပြည်ထောင်စုမွန်းမံရန်ပုံငွေကျပ်(၁၅.၂)သန်းကိုလျာထားတင်ပြ ပေးသွားမည်ဖြစ်ပါသည်။ ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား အပ်ပါသည်။

