မေးမြန်းသူ – ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)
မေးခွန်း – ဖာပွန်မြို့နယ်၊ မထောမူလတန်းကျောင်းသည် ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်တွင် မူလတန်းလွန်ကျောင်းအဖြစ်အဆင့်တိုးမြှင့်ပေးခဲ့ပြီးဖြစ်၍ လိုအပ်လျှက်ရှိသော ကျောင်းဆောင်သစ်နှင့် ရပ်ဝေးဆရာမများနေထိုင်ရန် ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊
ဖြေကြားသူ – ဦးဘိုဘိုဝေမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး
အဖြေ – အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ မထောမူလတန်းကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်နှင့်ရပ်ဝေးဆရာ/မများနေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ပေးနိုင်ရန် အတွက် သက်ဆိုင်ရာ ကျောင်းနှင့်မြို့နယ်တို့တွင် အမှုတွဲ များတောင်းခံ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြေကြားတင်ပြအပ်ပါသည်။

