ဘားအံ၊ ဩဂုတ်လ (၂၇)ရက်
ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်နှင့် လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဒေါက်တာသက်ဇော်ဦးတို့သည် (၂၇.၈.၂၀၂၀)ရက်နေ့၊ နံနက်(၀၆၃၀)အချိန်တွင် အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော်စခန်းတွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် စုရပ်အသီးသီးတွင် စုစည်းထားသည့် အိမ်ထောင်စုပေါင်း (၅၃၈)စုအတွက် မနက်စာအဖြစ် ကြာဇံဟင်းခါးများ သွား ရောက်ကျွေးမွေးကာ ရေဘေးကြောင့် စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေးအခက်အခဲဖြစ်နေသော ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ပါသည်။
(27-August-2020)
Thursday




