ကိုယ်ရေးမှတ်တမ်း
| ၁။ | အမည် | – | ဒေါက်တာတင်ဝင်းကျော်(ကွယ်လွန်) |
| ၂။ | အခြားအမည် | – | ဦးချို |
| ၃။ | လူမျိုး/ဘာသာ | – | ဗမာ / ဗုဒ္ဓဘာသာ |
| ၄။ | နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် | – | ၃/လဘန(နိုင်)၀၀၉၁၈၂ |
| ၅။ | မွေးသက္ကရာဇ်/အသက် | – | ၂၅ . ၅ . ၁၉၆၁ (၅၅)နှစ် |
| ၆။ | မွေးဖွားရာဇာတိ | – | ရွှေဂွန်းကျေးရွာ၊ လှိုင်းဘွဲမြို့ |
| ၇။ | ပညာအရည်အချင်း | – | အမ်ဘီဘီအက်(စ်) |
| ၈။ | လက်ရှိအလုပ်အကိုင် | – | ကိုယ်ပိုင်ဆေးခန်း |
| ၉။ | အဘအမည်၊ အလုပ်အကိုင် | – | ဦးကျော်အေး(ကွယ်လွန်) |
| ၁၀။ | အမိအမည်၊ အလုပ်အကိုင် | – | ဒေါ်သိန်းတင်၊ မှီခို |
| ၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | – | ဒေါ်ခင်စန်းရီ၊ အထည်ဆိုင် |
| ၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | – | မအိသဉ္ဇာကျော်၊ ကျောင်းသူ မောင်ကောင်းမြတ်ကျော်၊ ကျောင်းသား |
| ၁၃။ | လက်ရှိနေရပ်လိပ်စာ | – | ရွာလယ်(မြို့မ)ရပ်ကွက်၊ ရွှေဂွန်းကျေးရွာ၊ လှိုင်းဘွဲမြို့နယ် |
| ၁၄။ | အမြဲတမ်းနေရပ်လိပ်စာ | – | ရွာလယ်(မြို့မ)ရပ်ကွက်၊ ရွှေဂွန်းကျေးရွာ၊ လှိုင်းဘွဲမြို့နယ် |
| ၁၅။ | ကိုယ်စားပြုပါတီ/ တစ်သီးပုဂ္ဂလ | – | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်မဲဆန္ဒနယ် | – | လှိုင်းဘွဲမဲဆန္ဒနယ်အမှတ်(၁) |
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)
၁၉၆၆ ခုနှစ်တွင် အမက(၁)၊ရွှေဂွန်း၌ စတင်ပညာသင်ယူပါသည်။ ၁၉၇၁ ခုနှစ်တွင် အထက၊ရွှေဂွန်းတွင် ပဉ္စမတန်းမှ စတင်တက်ရောက်ပြီး ၁၉၇၉ ခုနှစ်တွင် အထက၊ရွှေဂွန်းမှ တက္ကသိုလ်ဝင်တန်းကို သင်္ချာနှင့် အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ ပါသည်။ ၁၉၈၀ မှ ၁၉၈၂ ခုနှစ်အထိ ဘားအံဒေသကောလိပ်တွင် ပညာသင်ယူခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆေးတက္ကသိုလ်(၂) ရန်ကုန်တွင် ပညာဆည်းပူးခဲ့ပြီး အမ်ဘီဘီအက်(စ်)ဘွဲ့ ရရှိခဲ့ပါသည်။ ၁၉၈၈ ခုနှစ်မှ ယနေ့အထိ ကိုယ်ပိုင်ဆေးခန်းကို မြို့မရပ်ကွက်၊ ရွှေဂွန်းရွာတွင် ဖွင့်လှစ်နေပါသည်။

